ဆီဆိုင်မြို့အခြေခံပညာထက်တန်းကျောင်း၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဆီဆိုင် ဇူလိုင်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဇူလိုင် ၆ ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း၌ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။

ဇီဝဆိုင်ရာအချက်အလက်များ ကွင်းဆင်းကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ဆီဆိုင်မြို့ အခြေခံပညာအထက်တန်း ကျောင်းရှိ ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများအား (Biographic Data) နှင့်  (Biometric Data) များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်များကို နေ့ချင်းပြီးထုတ်ပေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်