ကျောက်တန်းမြို့နယ်၊ ခေတ်မီစံပြကန်ပြောင်ကျေးရွာတွင် စိုက်ပျိုးရေးအသေးစားချေးငွေ၊ ပညာရေးနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ

ကျောက်တန်း ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် (SMART Village)ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်းအား ကန်ပြောင်ကျေးရွာ အုပ်စု၊ ခေတ်မီစံပြကန်ပြောင် ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဥ်(၆)ရပ်အနက် တောင်သူအသိပညာပေး ဟောပြောပွဲနှင့်မီးဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို ကျောက်တန်းမြို့နယ်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးရေးအသေးစားချေးငွေ၊ ပညာရေးနှင့်မီးဘေးအန္တရာယ် ကာကွယ်ခြင်း အသိပညာပေး ဟောပြောပွဲ အခမ်းအနားကိုဇူလိုင်လ (၆)ရက် နေ့နံနက် ၁၀ နာရီတွင် ကန်ပြောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ကျောက်တန်းမြို့နယ်၊ ခေတ်မီစံပြကန်ပြောင်ကျေးရွာအတွက် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လာမည့်ဘဏ္ဍာနှစ်တွင် ကဏ္ဍအလိုက်ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျောက်တန်း မြို့နယ်၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ရှင်းလင်းပြောကြားခြင်း၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးခြင်း၊ မြေသြဇာစနစ်တကျသုံးစွဲခြင်းနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်းအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှဆွေးနွေးပြောကြားခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သက်၍ အသေးစားချေးငွေ ထုတ်ပေးမှုအခြေအနေနှင့် ဆောင်ရွက်မှုများအား ဆွေးနွေးပြောကြားခြင်း၊ မီးဘေးအန္တရာယ်ကာကွယ်​ခြင်းနှင့် မီးဘေးအန္တရာယ်ကျ ရောက်ပါကဆောင်ရွက်နည်း လမ်းများအား မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှ ဆွေးနွေးဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ကျေးရွာစာကြည့်တိုက် တည်ထောင်ခြင်းနှင့် ပြည်သူလူထုအားအသိပညာ အတတ်ပညာဗဟုသုတ ရရှိခြင်း၏ အကျိုးကျေးဇူးများအား ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)