တာလေမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

တာလေ ဇူလိုင် ၇

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယမန် နေ့မွန်းလွဲ ၁ နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာစီစာကုံးပြိုင်ပွဲကို မူလတန်းအဆင့်တွင် ''တို့များမမေ့နိုင် ၁၉ ဇူလိုင်''ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၅)ဉီး၊ အလယ်တန်းအဆင့်တွင်''မမေ့စဉ်လာ အာဇာနည်နေ့အချိန်အခါ''ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၈)ဉီး၊ အထက်တန်းအဆင့်တွင်''လေးမြတ်ဂုဏ်ရည် အာဇာနည်'' ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၆)ဉီး ပါဝင်ယှဉ်ပြိုင်ကြပြီး ကဗျာပြိုင်ပွဲကို အလယ်တန်း အဆင့်တွင် ''အာဇာနည်မြတ် မမေ့အပ်''ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၃)ဉီး၊ အထက်တန်းအဆင့်တွင် ''သမိုင်း မော်ကွန်းတင် ကိုးဉီးအာဇာနည်''ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၃)ဉီး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)