မက်မန်း ဇူလိုင် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ် တွင် ပဲတောင့်ရှည်သီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်းသိရသည်။
မက်မန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိုးရာသီ၌ ဟင်းသီးဟင်းရွက် သီးနှံများကို မိမိတို့၏ ခြံဝန်းများတွင်တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ မိသားစုစားသုံးရန်အတွက် စိုက်ပျိုးထားရှိရာမှ ပိုလျှံသော သီးနှံများကို ရောင်းချ၍ မိသားစု၏ စားဝတ်နေရေးကို တစ်စိတ်တစ်ပိုင် အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။ “မက်မန်းမြို့ ရပ်ကွက်(၂)အတွင်းနေ ဒေါ်အေးထွမ်း မိသားစုနေဖြင့် မိုးရာသီအတွင်း မိမိတို့၏ ခြံဝန်းများအတွင်း၌ ပဲတောင့်ရှည်ပင်များ စိုက်ပျိုး၍ ရပ်ကွက်အတွင်း လိုက်လံရောင်းချခဲ့ရာ ပဲတာင့်ရှည် တစ်စီးလျှင် ငွေကျပ်တစ်ထောင်ရောင်းချရကြောင်း၊ ပဲတောင့်ရှည်သီးများကို တစ်ရက်ခြားခူး၍ ရောင်းချရပါကြောင်း၊ တစ်ခါရောင်းချလျှင်ငွေကျပ်တစ်သောင်းငါးထောင်မှ တစ်သောင်းရှစ်ထောင်ထိ ရောင်းချရပါကြောင်း၊ ယခင်နှစ်များက ပဲတောင့်ရှည်သီးရောင်းချရငွေ လေးသိန်းကျပ်အထိ ရရှိပါကြောင်း” ပဲတောင့်ရှည်သီး စိုက်ပျိုးရောင်းချသူ ဒေါ်အေးထွမ်း၏ပြောကြားချက်အရ သိရသည်။
စောဥမ္မာ
ခရိုင် (ပြန်/ဆက်)