မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပ

မိုင်းခုတ် ဇူလိုင် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး စာစီစာကုံးပြိုင်ပွဲတွင် ''လေးမြတ်ဂုဏ်ရည် အာဇာနည်''ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၈)ဦး၊ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေခင်း ၂ နာရီတွင် ဆုချီးမြှင့်ပေးအပ်ပွဲ ကျင်းပရာ စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုကို မသဇင်ထွန်း၊ ဒုတိယဆုကို မတွယ်တာလင်းနှင့် တတိယဆုကို မအိအိနိုင်တို့က လည်းကောင်း၊ ပန်းချီပြိုင်ပွဲတွင် ပထမဆုကို မပန်းမြဖြူ၊ ဒုတိယဆုကို မနန်းလာဖွေးနှင့် တတိယဆုကို မနာဖူးတို့ကလည်းကောင်း ရရှိပြီး ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးကျော်လင်းထိုက် နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် အလှူရှင်နယ်မြေခံ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးသိန်းဇော်မိုးက တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့် အချိုရည်နှင့် မုန့်များပေးအပ်ခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)