လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ အမှတ် (၃)ရပ်ကွက်စျေးနှင့် အမှတ်(၁)ရပ်ကွက်ရှိစျေးတို့တွင်စျေးသူ၊စျေးသားများအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁)ရပ်ကွက်ရှိစျေးနှင့်အမှတ်(၃)ရပ်ကွက် စျေးအတွင်းရှိဈေးသူ၊ ဈေးသားများကို သွေးလွန် တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများနှင့် ကြိုတင်ကာကွယ်နိုင်ရန်တို့အတွက် ခြင်ခိုအောင်းနိုင်သည့် ရေပုံး၊ ရေခွက်၊ ရေတွင်း၊ ရေကန်နှင့် ရေဝပ် သည့်နေရာများ၌ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊သားငါးနှင့် ဟင်းသီးဟင်းရွက်တို့တွင် ခွင့်မပြုဆိုးဆေးများအားစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ အသိပညာပေးစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းစသည့်လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်၍ဝန်ထမ်းများ၊ ဌာနဆိုင်ရာ၀န်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့တို့က စျေးသူ၊စျေးသားနှင့် ပြည်သူ့များကို သွေးလွန်တုပ် ကွေး ရောဂါကြိုတင်ကာကွယ်ရေးတို့အတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)