တန့်ယန်း အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ထုတ်ဝေထားသော အသိပညာပေးလက်ကမ်းစာစောင်ကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်း က မန်ကတ် ကျေးရွာနှင့် စစ်ဆေးရေးဂိတ်တို့တွင် အခမဲ့ ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ ''မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား'' ဆိုသည့် အသိပညာပေးလက်ကမ်းစာစောင်တွင် မဲဆန္ဒရှင်စာရင်း၌ မိမိအမည်ပါရှိခြင်း ရှိ/မရှိကို မဲဆန္ဒရှင်ပြည်သူများ ကိုယ်တိုင်ကြည့်ရှု ကြပြီး လိုအပ်ပါက အမည်စာရင်း ထည့်သွင်းခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများကို သပ်မှတ်ထားသောပုံစံများကို ဖြည့်စွက်၍ ဆောင်ရွက်ရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ ဖော်ပြထားသည့် လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးစိုင်းထွန်းကျော်ကအခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)