သာစည်မြို့နယ်တွင် အောက်တိုဘာ ၁၁ ရက်ထိ မဲစာရင်းလာရောက်ကြည့်ရှုသူ သုံးသောင်းကျော်ရှိ

သာစည် အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်   ၂၀၂၀  ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက်   ဒုတိယအကြိမ်  မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာ ၁ ရက်မှစတင်၍  သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာအောက်တိုဘာ ၁၁ ရက်ညနေထိမဲစာရင်းလာရောက်ကြည့်ရှုသူ   မဲဆန္ဒရှင်   သုံးသောင်းတစ်ထောင်ကျော်  ရှိကြောင်း    မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
သာစည်မြို့နယ်တွင်  ဒုတိယအကြိမ်  မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာ၌ မဲဆန္ဒနယ် ပြင်ပရောက်မဲ ဆန္ဒရှင်များအပါအဝင်မဲဆန္ဒရှင် ၁၅၅၆၆၂ ဦးရှိပြီးမဲရုံပေါင်း ၂၄၉ ရုံ ရှိကြောင်းနှင့်မဲစာရင်း လာရောက်ကြည့်ရှုသူများမှ  တောင်းဆိုလွှာပုံစံ(၃)ဖြင့်  လျှောက် ထားသူ  ၁၀၁၄  ဦး၊  ကန့်ကွက်လွှာပုံစံ(၄)ဖြင့်  လျှောက်ထားသူ ၅၁၁  ဦး နှင့် ပြင်ဆင်လွှာ ပုံစံ(၄-ဂ)ဖြင့်  လျှောက်ထားသူ ၈  ဦးရှိကြောင်းသိရသည်။ မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာ ၁၄ ရက်နေ့အထိကပ်ထားကြေညာထားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းသွား ရောက်စစ်ဆေးကြည့်ရှုကြရန်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်ထားကြောင်းသိရသည်။                                                               
ထွန်းထွန်း(ပြန်/ဆက်)