နောင်ချို အောက်တိုဘာ ၁၂
ကျောက်မဲခရိုင်၊ နောင်ချိုမြို့ စုံနံသာပရဟိတအဖွဲ့မှ နောင်ချိုမြို့မစျေးတောင်ဘက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၇၈)စုအား ဆန်(၆)ပြည်နှင့် ဆီ(၁)ပိဿာနှုန်းဖြင့် ယမန်နေ့က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးရာတွင် စုံနံသာပရဟိတအဖွဲ့၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စုံနံသာပရဟိတ အဖွဲ့များစုပေါင်းကာ ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစားအိမ်ထောင်စုများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေရန်ရည်ရွယ်၍ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ပြန်/ဆက်)