(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ အထက (မိုးနဲ)ကျောင်း၌ ကျင်းပ

မိုးနဲ ဇူလိုင် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပညာရေးဌာန၏ ကြီးကြပ်မှုဖြင့် (၇၆)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို အထက(မိုးနဲ) ပုလဲဆောင်ခန်းမနေရာ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက အောင်ဆန်း ဇာနည် ကဗျာဖြင့် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် အထက(မိုးနဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးက ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် အာဇာနည်ခေါင်းဆောင် ကြီးများကို မှတ်မှတ်ရရရှိစေရေး၊ မျိုးချစ်စိတ် ဓာတ်ရှင်သန်နိုးကြားလာစေရေး၊ အာဇာနည်ခေါင်းဆောင်ကြီး များကဲ့သို့ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သော ခေါင်းဆောင် ကောင်းများ ပေါ်ထွန်းလာစေရေးကို ရှင်းလင်း ပြောကြားခဲ့ပြီး အာဇာနည်နေ့ ပေါ်ပေါက်လာပုံနှင့် အားဇာနည်ခေါင်းဆောင်ကြီး ကိုးဦး၏ အကြောင်းကို ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီက ဟောပြောခဲ့ကြပြီး အခမ်းအနားကို အာရှသူရဲကောင်းတေးသီချင့်ဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)