အင်းစိန်မြို့နယ်၊ Super Sunday လူမှုကူညီရေးအသင်းသို့ သေဆုံးသူများကို သယ်ဆောင်ရန် Body Bag (၁၃)လုံး လှူဒါန်း

ရန်ကုန်          အောက်တိုဘာ          ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ Super Sunday လူမှုကူညီရေး အသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ သေဆုံးသူများကို သယ်ဆောင်ရန်     Body Bag (၁၃)လုံးကို  ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရဿည်။

Super Sunday လူမှုကူညီ ရေးအသင်း အနေဖြင့် လူမှုကူညီရေး လုပ်ငန်းများနှင့် အတူ အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ Quarantine Center(၅)ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်စေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး တုံ့ပြန်ရေးအဖွဲ့ မြောက်ပိုင်းခရိုင်(YRO) ခရိုင်မှူး ဦးတာမှ  Body Bag (၁၀)လုံးနှင့် ဘိုးဘွားများ စောင့်ရှောက်ရေး အသင်း(တိုက်ကြီး)မှ Body Bag (၃)လုံးကို အသီးသီး လှူဒါန်းရာ Super Sunday လူမှုကူညီ ရေးအသင်း က္ကဋ္ဌ ကိုသူရိန်ထွန်းမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)