ရန်ကုန် အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် Quarantine Center ဝင်ရောက်နေသော ပြည်သူများ စာရေးသောက်ရေး အဆင်ပြေ စေရန် ရည်ရွယ်၍ အင်းစိန်(GTI) Quarantine Center သို့ အသင့်သောက်သုံးရန် နွားနို့(၃၅)ပိဿာ နှင့် ကြက်ဥအလုံး(၃၀၀)ကို အင်းစိန်(GTI) Quarantine Center တွင် လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် အင်းစိန်မြို့နယ်၊ အောင်ဇေယျအိမ်ရာနေ အလှူရှင် ဦးသန်းဌေး+ဒေါ်ခင်မာသီ (တက်နေလင်း မိုဘိုင်းဖုန်းဆိုင်)မိသားစုမှ သမီးဖြစ်သူ မေသဒ္ဒါ၏(၆)နှစ်ပြည့် မွေးနေ့အဖြစ် အသင့် သောက်သုံးရန် နွားနို့(၃၅)ပိဿာနှင့်ကြက်ဉအလုံး(၃၀၀)တို့ကို လာရောက်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ နာယကများဖြစ်သော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး (ဥက္ကဋ္ဌ) ဦးဝင်းအောင်တို့က လက်ခံရယူခဲ့ပြီး ကျေးဇူတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)