မောက်မယ်မြို့နယ်တွင်ဇီဝဆိုင်ရာ Biometric Data အချက်အလက်များအား ကျောင်းသား/ ကျောင်းသူများဆက်လက်ကောက်ယူ

 

မောက်မယ်        ဇူလိုင်   ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ “e-ID စနစ်ဖြင့် လူမှုစီးပွားဘဝ အဆင့်အတန်း မြင့်မားအောင် ဆောင်ရွက်ကြပ်စို့” ဆောင်ပုဒ်နှင့်အညီ ဇီဝဆိုင်ရာ Biometric Data အချက်အလက် များကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများအားကောက်ယူပြီးစီး၍ ယမန်နေ့နံနက်ပိုင်းမှ စတင်ပြီး အခြေခံပညာအထက်တန် းကျောင်း(မောက်မယ်)မှ ကျောင်းသား/ကျောင်းသူများ ဆက်လက် ကောက်ယူနေပြီဖြစ်ကြောင်းသိရသည်။

ဇီဝဆိုင်ရာ Biometric Data အချက်အလက်များ ကောက်ယူထုတ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးငွေထွန်း၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူများအား ကောက်ယူပြီးစီးပါက တိုင်းရင်းသားပြည် သူများကိုလည်း ရပ်ကွက်/ကျေးရွာအလိုက် ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ ဇီဝဆိုင်ရာ Biometric Data အချက်အလက်များထုတ်ပေးခြင်းအားဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊ မြန်မာနိုင်ငံ အတွင်းနေ ထိုင်သူများကိုစိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် ၊ Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့်အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန် အတွက်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ SIM ကတ်မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုများ၊ နိုင်ငံကူး လက်မှတ်၊ ပြည်ပအလုပ်အကိုင်သက်သေခံကတ်၊ ယာဉ်မောင်းလိုင်စင်စသည့် ဝန်ဆောင်မှု လုပ်ငန်းများလျှောက် ထားရာတွင် ပိုမိုလွယ်ကူလျင်မြန်စွာ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ၊ UID နံပါတ်ကိုင်ဆောင်သူများအား Nation ID(NID) Smart Card ထုတ်ပေးခြင်းကိုနောက် တစ်ဆင့်အနေဖြင့် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးငွေထွန်း ထံမှသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)