အင်းစိန်မြို့နယ်၌ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများ ဆောင်ရွက်

အင်းစိန် အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများကို ယမန်နေ့ နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ က္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် မြို့နယ် ပန်းယျာဉ်နှင့် အားကစားကွင်းများဌာနနှင့် ပေါင်းစပ်အကောင် အထည်ဖော်လျက်ရှိသော လမ်းသန့်ရှင်းစေရန် မင်းကြီးလမ်းမကြီး လမ်းဘေး ဝဲ/ယာ ရှိ မိုးရာသီကာလတွင် ပေါက်သည့် မြက်များ၊ ပေါင်းပင်များအား ရှင်းလင်းနေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန် အကြံပြုမှာကြားခဲ့သည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)