မိုးကုတ်မြို့နယ်တွင်  ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုကို သပိတ်ကျင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု

မိုးကုတ် ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကျောင်းသား/သူများအား ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါကားကွယ်ဆေး (Booster Dose) နှင့် (Sinopharm) ထိုးနှံပေးနေမှုအား သပိတ်ကျင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်  မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အ..က ()၊ အ..က(ကျပ်ပြင်)၊ အ..က (ရှမ်းတော)နှင့် အ..က(အောင်နန်း)ကျောင်းတို့တွင် ကိုဗစ်ကာကွယ်ဆေး (ထပ်ဆောင်း)နှင့် တစ်ကြိမ်မျှထိုးနှံခြင်း မရှိသေးသည့် ကျောင်းသား/ သူများအား  ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပူးပေါင်းကူညီဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပထမအကြိမ်(Sinopharm)ထိုးနှံသူ (၁၈၈)ဦး၊ ထပ်ဆောင်းကာကွယ်ဆေး (Boster)ထိုးနှံသူ(၇၂၀)ဦး  စုစုပေါင်း(၉၀၈))ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရှိရ​​ပြီး ကျန်ရှိသည့် အခြေခံပညာကျောင်းများကိုလည် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)