အ-ထ-က(ပေါက်တော)၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲများ ကျင်းပ

ပေါက်တော  ဇူလိုင် ၆

(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပေါက်တောမြို့ရှိ အ-ထ-က(ပေါက်တော)၌ ကျောင်းသား၊ကျောင်းသူများ  စာစီစာကုံး၊ကဗျာပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပရာ  ကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်းနှင့် ဆရာဆရာမများက လိုက်လံ ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပြိုင်ပွဲများတွင် အထက(ပေါက်တော)မှ အထက်တန်းအဆင့်စာစီစာကုံပြိုင်ပွဲတွင် “လေးမြတ်ဂုဏ်ရည် အာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “သမိုင်း မော်ကွန်းတည် ကိုးဦးအာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင်" မမေ့စဥ်လာ အာဇာနည်နေ့ အချိန်အခါ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ကဗျာ ပြိုင်ပွဲတွင်" အာဇာနည်မြတ် မမေ့အပ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "တို့များ မမေ့နိုင် ၁၉ ဇူလိုင်" ခေါင်းစဥ်ဖြင့် ​လည်းကောင်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၈ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)