မုံးထ ဇူလိုင် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မုံးထမြို့၌ တောင်သူများစိုက်ပျိုးထားသည့် နှမ်းနက်စိုက်ခင်း များအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ယခုနှစ်တွင် နှမ်းဈေးကောင်းရရန် တောင်သူများမျှော်လင့်လျက်ရှိကြောင်း သိရသည်။
နှမ်းကိုမိုးနှောင်းကာလနှင့် မိုးကြိုကာလတွင်စိုက်ပျိုးကြပြီး ဖြစ်ထွန်းအောင်မြင်သည့်မြေအမျိုးအစားမှာ နုန်းစနယ်မြေ၊ သဲနုန်းမြေနှင့် မြေနီသဲဝန်းမြေမျိုးတွင် ဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရာတွင် မြေအနက် ၆ လက်မခန့် ထယ်ထွန်ပေးရကြောင်းကို နှမ်းစိုက်တောင်သူဦးစိုင်းနု၏ ပြောကြားချက်အရသိရသည်။
သန်းထွန်းအောင်(မုံးထ၊ ပြန်/ဆက်)