ကျောက်တံတား အောက်တိုဘာ ၁၂
ရန်ကုန်အနောက်ပိုင်း ခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center ရှိ အသွားအလာ ကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအတွက်ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမိသားစုများမှ တစ်နေ့တာလုံး(နေ့လယ်စာ+ညနေစာ)အာဟာရဒါနအဖြစ် လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက်စာမုန့်ဟင်းခါးအတွက် အလှူရှင် အမှတ်(၁) ရပ်ကွက် ဦးဇော်ဝင်း+ ဒေါ်အေးအေးဝင်းနှင့် နေ့လယ်အဆာပြေအတွက် အမှတ် (၆) ရပ်ကွက် ၃၈ လမ်းအထက်မှ ဒေါ်ဝင်းဝင်းမြင့် မိသားစုတို့က လက်ဘက်ရည်နှင့် SB ချိစ်ပေါင်မုန့်တို့ဖြင့် အသီးသီး လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center များကို ၃၈လမ်း Plaza အပေါ်ထပ်(၆)လွှာနှင့်(၇)လွှာတို့တွင် ဖွင့်လှစ်ဆောင်ရွက် ထားရာ အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင်အလှူရှင်များက နေ့စဉ် အလှူငွေ၊ ကာကွယ်ရေးသုံး ပစ္စည်းများ၊ရေသန့်ဘူးများ စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက်ရှိကြောင်းသိရသည်။
ရွှေနန်းမေ