မရမ်းကုန်းမြို့နယ် သဘင်အစည်းအရုံးဝင် (၂၀၇)ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် တစ်သောင်းနှုန်း ထောက်ပံ့ပေးအပ်

မရမ်းကုန်း အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် သဘင်အစည်းအရုံးဝင် (၂၀၇) ဦး အတွက် ကိုဗစ် -၁၉ကာလအတွင်း ထောက်ပံ့ငွေအဖြစ် စ်ဦးလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)က ယမန်နေ့နံနက်ပိုင်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများအား မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးနန်းဝင်းမှ အဖွဲ့ဝင်များ ကိုယ်စားသွားရောက် ထုတ်ယူပြီး မြို့နယ်သဘင်အစည်းအရုံး EC အဖွဲ့ဝင်များဖြင့် သဘင်ပညာရှင်များထံသို့ အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးအောင် (ပြန် /ဆက်)