ကြည့်မြင်တိုင်မြို့နယ်တွင် ၆ ခုမြောက် အသွားအလာကန့်သတ်စောင့်ကြည့်နေရာ ထပ်မံ ဖွင့်လှစ်

ကြည့်မြင်တိုင်   အောက်တိုဘာ   ၁၂


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အ.ထ.က(၅) ကျောင်းတွင် ၆ ခုမြောက် အသွားအလာကန့်သတ်စောင့်ကြည့်နေရာကို ထပ်မံဖွင့်လှစ်ခဲ့သည်။ 
အဆိုပါထပ်မံဖွင့်လှစ်ဆောင်ရွက်မည့် အသွားအလာကန့်သတ်စောင့်ကြည့်နေရာကို မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပရဟိတ အသင်းအဖွဲ့များ စုပေါင်းကာ ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။  
ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ contact person ထိတွေ့သူများအား ယမန်နေ့ ညနေပိုင်းမှ စတင်ကာ ထားရှိဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 
ကြည့်မြင်တိုင်မြို့နယ်တွင် အ-ထ-က(၁)ကြည့်မြင်တိုင်နှင့် အ-ထ-က(၂)ကြည့်မြင်တိုင်၊ အ.လ.က (၄) ကြည့်မြင်တိုင်၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၊ စက်စန်းရပ်ကွက်တို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ (၅) ခုဖွင့်လှစ်ဆောင်ရွက်ထားပြီး ယခုအခါတွင် (၆) ခုမြောက်  အသွားအလာကန့်သတ်စောင့်ကြည့်နေရာကို အ.ထ.က(၅) ကျောင်းတွင် ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)