ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်း များပေးအပ်

ဘူးသီးတောင် ဇူလိုင် ၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်ဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စု၊ အခြေခံပညာမှုလတန်း(လွန်)ကျောင်း၌ အလယ်ချောင်းကျေးရွာအုပ်စု၊ မြောင်းနားကျေးရွာအုပ်စု၊ ကင်းချောင်းကျေးရွာအုပ်စု၊ သပိတ်တောင်ကျေးရွာအုပ်စုတို့ရှိ လေဘေးသင့်ပြည်သူများအတွက်(ဒုတိယ)ကြိမ်အဖြစ် ထောက်ပံ့ပစ္စည်းများဖြစ်သည့် အမိုးသွပ်၊ အိမ်မိုးသံ၊ သစ်ခွဲသား၊ 40Kg ဆန်၊ ဆားနှင့်စားသောက်ဖွယ်ရာတို့အား လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားကာ အဆိုပါစာသင်ကျောင်း၌ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု(အခမဲ့) ဆေးကုသပေးနေမှုများအား သွားရောက်ကြည့်ရှုကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့သည်။

အဆိုပါအလယ်ချောင်းကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ မိုခါမုန်တိုင်းကြောင်းအမိုးလန်ပျက်စီးသွားသည့် စာသင်ကျောင်းဆောင် အဆောက်အဦပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုအား စစ်ဆေးကြည့်ရှုခဲ့ပြီး ဆရာ/ဆရာမများနှင့်တွေ့ဆုံကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများသည် အဆိုပါအခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ပညာသင်ကြားနေသော ကျောင်းနေအရွယ်(၅)နှစ်အထက် KG တန်း၊ ကျောင်းသား/ကျောင်းသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုကိုသွားရောက်ကြည့်ရှုကာ အာဟာရဖွံ့ဖြိုးစေရန်အတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့ မြို့လယ်ချောင်းတစ်လျှောက်မှ ပန်ဇင်းမြစ်အရောက်မိုးရာသီ ကာလရေစီး/ရေလာကောင်းမွန်စေရေးနှင့် ရေကြီး/ရေလျှံမှုများမဖြစ်စေရေးအတွက် နုံးမြေများ၊ အမှိုက်များ၊ ဗေဒါပင်များ၊ခြုံနွယ်/ပေါင်းပင်များဖြင့် တိမ်ကောပိတ်ဆို့နေသော ပန်ဇင်းမြစ်ဝနေရာများအား စက်ယန္တရား(Backhole)(၂)စီးဖြင့် ရှင်းလင်းဆောင်ရွက်နေသည်ကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)