လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာစျေးနှင့် ရွှေပိတောက်ငါးစျေးအား ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အတွင်းရေးမှူးနှင့်အဖွဲ့လာရောက် စစ်ဆေး 

လှိုင် အောက်တိုဘာ ၁၂


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ ကော်မတီဝင် ဒေါ်သန်းမြင့်အောင်နှင့်အဖွဲ့များက ယမန်နေ့နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးတို့တွင် ဈေးရောင်းချသူများနှင့် စျေးဝယ်လာသူများအား Mask စနစ်တကျတပ်ဆင်ရေး၊ စည်းကမ်းလိုက်နာရေးနှင့်မလိုက်နာသူများအား ဒဏ်ရိုက်အရေးယူဆောင်ရွက်ရေးအတွက် လာရောက်ဆွေးနွေးခဲ့ကြသည်။ 
အဆိုပါဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ လှိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဈေးများဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကော်မ တီအဖွဲ့များ တက်ရောက်ခဲ့ကြပြီး စျေးများဖွင့်လှစ်ရောင်းချနေမှူအ ခြေအနေနှင့် ဆောင်ရွက်ထားရှိမှု များအားသိရှိရန် ဈေးအတွင်းလှည့်လည်စစ်ဆေးခဲ့ကြသည်။
ထို့နောက် Mask များအား စျေးဝယ်လာသူများနှင့် စျေးဆိုင်များအား ဝေငှ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ရောဂါမှ ကာကွယ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ကြရန်၊ စည်းကမ်း လိုက်နာမှုမရှိသူများအား အရေးယူဆောင်ရွက်ရန်စသည်တို့အား ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။ 
ကြည်ဇေသော် (ပြန်/ဆက်)