ဘူးသီးတောင် ဇူလိုင် ၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂ ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့ နယ်ရွာမကျေးရွာအုပ်စု နယ်စပ်ဒေသဂန္ဓရီလူငယ်ဖွံ့ဖြိုးရေးပရဟိတ သင်တန်းကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများအား တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု(အခမဲ့) ဆေးကုသပေးနေမှုများအား သွားရောက်ကြည့်ရှုကာ ကျောင်းသား၊ ကျောင်းသူများအားပညာ သင်ကြားချိန်တွင် စိတ်ဝင်တစားဖြင့်သင်ယူကြရန်၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် စည်ပင်သာယာအေးချမ်းတည်ငြိမ်မှုများ ရရှိနိုင်ရန် အဓိကကျသောအချက်တစ်ခုမှာ ပညာရေးထူးချွန်ပြောင်မြောက်မှုဖြင့် တိုင်းတာပါကြောင်း၊ ပညာတတ်များဖြစ်စေရေး မျှော်လင့်ပါကြောင်း အားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအား အာဟာရဖွံ့ဖြိုးစေရန်အတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ရွာမကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအတွက် ဂန္ဓရီကျေးရွာ၌ (ဒုတိယအကြိမ်)အဖြစ် ထောက်ပံ့ပစ္စည်းများဖြစ်သည့် သွပ်ချပ်၊ သစ်၊ ဆန်နှင့် စားသောက်ဖွယ်ရာတို့အား လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများသည် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ကုလားတန်(၃)ရေယာဉ်ဖြင့်ရောက်ရှိလာသော လေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ပစ္စည်းများဖြစ် သောသစ်ခွဲသား(ချောင်း)များအား မီးရထားဆိပ်ရပ်ကွက်ရှိ၊ စားသုံးသူရေးရာဂိုဒေါင်အတွင်း စနစ်တကျထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လေလွင့်မှုများမရှိစေရေး ကျေးရွာအုပ်စုများရှိ လေဘေးသင့်ပြည်သူများလက်ဝယ်သို့ အမြန်ဆုံးစနစ်တကျ ဖြန့်ဝေပေးနိုင်ရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)