လားရှိုး ဇူလိုင် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်ကာယဗလ၊ ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်း အနားကို ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က လားရှိုးမြို့၊လူထုအခြေပြုဗဟိုဌာန( Community Centre) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲဝင်ကာယဗလမောင်များက တစ်ဦးချင်းမိတ်ဆက်ကြပြီး အသက် ၂၁ နှစ်အောက် ၆၀ ကီလိုတန်း၊ ၇၀ ကီလိုတန်း၊ ၈၀ ကီလိုတန်း ကာယဗလမောင်များက တစ်ဦးချင်းပြိုင်ပွဲဝင်ခဲ့ကြ သည်။
ဆက်လက်ပြီး Men Physique Posing ပြိုင်ပွဲဝင်များက သရုပ်ပြယှဉ်ပြိုင်ခဲ့ကြပြီး အခမ်းအနား ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီခဲ့ကြသူများကို လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန် ဂုဏ်ပြုလက်မှတ်များပေးအပ်သည်။
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများကို လားရှိုးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချောစုအောင် နှင့်တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လားရှိုးခရိုင်ကာယဗလပြိုင်ပွဲတွင် ရွေးချယ်ခံရသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်ဖလား ကာယဗလမောင်နှင့်ကြံ့ခိုင်မှုပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)