လှိုင် အောက်တိုဘာ ၁၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ယမန်နေ့နံနက်ပိုင်းက လှိုင်မြို့နယ် အတွင်းရှိအလှူရှင်များက လှူဒါန်းထားသော ငွေကျပ် (၈,၀၀၀,၀၀၀) အားလာရောက်လှူဒါန်းခဲ့ပါသည်။
ထိုကဲ့သို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အတွက် လှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ အလှူရှင်များ ကိုယ်စား တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက လာရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး မြို့နယ်ကိုဗစ်-၁၉ကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ဝင်းက လက်ခံရယူခဲ့ ကြောင်း သတင်း ရရှိသည်။
ကြည်ဇေသော်(ပြန်/ဆက်)