ထန်းတပင်မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စုငါးရာကျော်အတွက် အခြေခံ စားသောက်ကုန်ပစ္စည်းများကို မြို့မပရဟိတလူငယ်အဖွဲ့မှ အလှူရှင်များကိုယ်စားလှူဒါန်း

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁၂


ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံ အိမ်ထောင်စုငါးရာ ကျော်တို့အား အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခြင်းကို အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းတွင် ထန်းတပင်မြို့မပရဟိတလူငယ်အဖွဲ့ဝင်များက အလှူရှင်များ (ကိုယ်စား) အခြေခံ စားသောက်ကုန်ပစ္စည်းများကို မြို့ပေါ်ရပ်ကွက်များအတွင်း၌ လိုက်လံ လှူဒါန်းပေး လျက် ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ အခြေခံအိမ်ထောင်စုများ၏ စားသောက်ရေး အခက်အခဲများ ကို တဖက်တလမ်း ကူညီဖြေရှင်းပေးနိုင်ရန်အတွက် အခြေခံ စားသောက် ကုန်ပစ္စည်းများကို မြို့မပရဟိတလူငယ်အဖွဲ့နှင့် အလှူရှင်များစုပေါင်း၍ လှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး အိမ်ထောင်စု တစ်စုလျှင် ဆန်သုံးပြည်၊ ဆီနှစ်ဆယ့်ငါးကျပ်သား၊ ကြက်သွန်နီ ငါးဆယ်ကျပ်သား၊ အိုင်အိုဒင်းဆား တစ်ထုပ်၊ ပဲနီလေးနို့ဆီဘူး နှစ်လုံး၊ အချိုမှုန့်နှစ်ထုပ်နှင့် ငါးပိနှစ်ဆယ်ကျပ်သား နှုန်းဖြင့် လှူဒါန်းခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များ လှူဒါန်းရာတွင် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ အလှူရှင်များနှင့် မြို့မပရဟိတလူငယ်အဖွဲ့ဝင်များက အလှူရှင်များ ကိုယ်စား အခြေခံစားသောက်ကုန်ပစ္စည်း (၇)မျိုးတို့ကို မြို့ပေါ်ရပ်ကွက်အတွင်းရှိ အခြေခံ အိမ်ထောင်စု(၅၄၀) ထံသို့လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)