သီပေါ အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကျေးရွာများသို့ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်း က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့လှည့်လည်နှိုးဆော်ခြင်းများကို တိန်းချေတိန်းစံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပြည်သူများ ကိုဗစ်−၁၉ ရောဂါ ကူးစက်ခံရပါက ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ၊ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် ပြုလုပ်ဆောင်ရွက်သင့်သည့် ဆောင်ရန်/ရှောင်ရန်များ၊ ကိုဗစ်−၁၉ ရောဂါသည် နေရာဒေသမရွေး ကူးစက်နိုင်သဖြင့် မိမိကျေးရွာအတွင်း၌ နေရပ်ပြန် များ ရောက်ရှိလာသူများရှိပါက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် သတင်းပေးပို့ ရန်တို့ကို လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ထို့အပြင် ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေများကို သိရှိလိုက်နာရန် လိုအပ်ကြောင်း နှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များ အတိုင်း လိုက်နာဆောင်ရွက်သွားကြရန်သာမက ပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းကို Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ပေးခဲ့ပြီး ကိုဗစ်−၁၉ ရောဂါ မပြန့်ပွားဖို့ မိမိကစ၍ကာကွယ်ပါ သတင်းစကား လက်ကမ်းစာစောင်များ ကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)