မိုးနဲမြို့၌ ပဲပုပ် တစ်ပိုင်တစ်နိုင်ထုတ်လုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေ ရရှိ

မိုးနဲ   အောက်တိုဘာ   ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အဓိကစီးပွားရေးအဖြစ် တောင်သူ လုပ်ငန်းလုပ်ကိုင်ကာ တစ်ပိုင်တစ်နိုင် ပဲပုပ်ထုတ်လုပ်ရောင်းချ၍ အပိုဝင်ငွေရရှိပြီး မိသားစုအဆင် ပြေလျက်ရှိကြောင်း ပဲပုပ်ထုတ်လုပ်ရောင်းချသူ ဥယျာဉ်ရပ်ကွက်နေ ဒေါ်ပါနိထံမှ သိရသည်။

ပဲပုပ်စေ့ကုန်ကြမ်း တစ်တင်းကို ငွေကျပ် ၁၅၀၀၀ ခန့် ပေးဝယ်ရပြီး ပဲပုပ်တစ်တင်းမှာ ကုန်ချော ပဲပုပ် ၇ ပိဿာထွက်ရှိကာ တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ခန့် ရရှိကြောင်း၊ ပဲပုပ်ကို ရိုရိုးပဲပုပ်နှင့်ချင်းပဲပုပ် နှစ်မျိုးပြုလုပ်ရောင်းချလျက်ရှိကြောင်း၊ ချင်းပဲပုပ်ကိုတော့ ကျပ် ၅၀၀၀ ရောင်းချရကြောင်း၊ ပဲပုပ်ကုန်ချောကိုတော့ မြို့တွင်းနှင့် အနီးတစ်ဝိုက်ရှိမြို့များ၊ နမ့်စန်မြို့နှင့် အခြားမြို့နယ်များမှ မှာယူမှုများကိုလည်း လက်ခံဆောင်ရွက်ပေးပါကြောင်း တစ်ရက်လျှင် အမြတ်ငွေကျပ် ၁၃၀၀၀ ကျော်ရရှိပြီး လစဉ်ပျမ်းမျှ ကျပ်လေးသိန်းနီးပါး အပိုဝင်ငွေရရှိသည့် အတွက် အဆင်ပြေလျက်ရှိကြောင်း ပဲပုပ်တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချသူ ဒေါ်ပါနိ က ပြောကြားခဲ့သည်။

မျိုးညွန့်ရွှေ (မိုးနဲ)