သီပေါ အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား သတင်း အချက်အလက်များ မှန်ကန်စွာသိရှိပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်ဘေးတွင် သီးသန့်ပြဘုတ်ဖြင့် ကိုဗစ်−၁၉ ရောဂါဆိုင်ရာ သတင်းအချက် အလက် အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်း က ပြသဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာ၊ လုပ်ကြံသတင်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှု အကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်/ရှောင်ရန်များ၊ သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဋ္ဌာန် သတင်း အချက်အလက်များနှင့် ပုဂ္ဂလဓိဋ္ဌာန်သတင်းများ၊ သင်သည်မီဒီယာနှင့် သတင်းအချက် အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းသူတစ်ဦးဖြစ်သလား၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး၊ ကလေးသူငယ်နှင့် လူမှုမီဒီယာ အသုံးပြုမှု သဘော တူညီချက်ပြုလုပ်ပါ စသည့် အကြောင်းအရာမျိုးစုံကို ပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် ပြသပေးထားကြောင်း သိရသည်။
ထို့အပြင် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်အကြီးတွင်လည်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော အသိပညာပေးအကြောင်းအရာများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သော အကြောင်းအရာများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်သတင်းများ စသည်တို့ကိုလည်း အပတ်စဉ်လဲလှယ်၍ ကဏ္ဍအလိုက် ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)