မြစ်ကြီးနားမြို့၌ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ နေအိမ်ပြင်ပ ထွက်ခွာသူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

မြစ်ကြီးနား အောက်တိုဘာ ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရာသက်ပန်အသင်းဝင်များ၊ ယခင်ကြက်ခြေနီ တပ်ဖွဲ့ဝင်ဟောင်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာသွားလာသူများအား နှာခေါင်း စည်း (Mask)များကို အောက်တိုဘာ (၁၀)ရက် နံနက် ()နာရီခွဲချိန် က အခမဲ့ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်း လုပ်ငန်းကို မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်မီးပွိုင့်နှင့် အေးစေတီရပ်ကွက် မီးပွိုင့်တို့တွင် ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးချစ်ဖေ ဦးဆောင်၍ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရာသက်ပန်အသင်းဝင်များ၊ ယခင်ကြက်ခြေနီ တပ်ဖွဲ့ဝင်ဟောင်းများ ပူးပေါင်း၍ နေအိမ်ပြင်ပ ထွက်ခွာ သွားလာသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များ နှင့် (Mask)များကို စနစ်တကျ တပ်ဆင်သွားလာကြရေးနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ ခဲ့ကြသည်။

အလားတူ မွန်းလွဲပိုင်းတွင်လည်း ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖာကန့်မြို့နယ် ကြက်ခြေနီအသင်းခွဲ စေတနာ လုပ်အားရှင်များမှ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့သို့ နှားခေါင်းစည်း(၁၁၀)ဘူး ကိုလည်း လှူဒါန်း ပေးအပ်ခဲ့ကြောင်း ပြည်နယ်ကြက်ခြေနီရုံးမှ သိရသည်။

စိန်ဝင်း(ပြန်/ဆက်)