နမ္မတူမြို့နယ်၊ ယာယီပျံကျဈေး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask တစ်ခုလျှင် (၂၀၀)ကျပ်နှုန်းဖြင့် ခုဝယ်ခုတပ်စနစ် ဆောင်ရွက်

နမ္မတူ  အောက်တိုဘာ    ၁၂

နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် (Mask) တစ်ခုကို (၂၀၀)ကျပ်နှုန်းဖြင့် ခုဝယ်ခုတပ်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ()နာရီ အချိန်ခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် () အားကစားကွင်းရှိ ယာယီပျံကျ‌ဈေး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ဒေသခံပြည်သူများအား နေအိမ်ပြင်ပထွက်တိုင်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအား အသိပညာပေး နှိုးဆော် ဆောင်ရွက်ကာ (Mask) မတပ်ဆင်လာသော ဒေသခံပြည်သူ (၂၀)ဦးခန့်အား ရေမလို လက်သန့် ဆေးရည်ဖြင့် လက်ဆေးစေပြီး (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်းဖြင့် ခုဝယ်ခုတပ်စနစ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

လူမော် (ပြန်/ဆက်)