မောင်တော ဇူလိုင် ၃
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီအချိန် ကုတင် ၁၀၀ ဆံ့ ခရိုင်ပြည်သူ့ ဆေးရုံသွားရောက်ပြီး ဆေးကုသမှုခံယူနေကြသော ပြည်သူများအား အာဟာရဖြည့်စွက်စာများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာ၀န်ရှိ သူများသည် ယနေ့ နံနက်ပိုင်းက မောင်တောမြို့ ကုတင် ၁၀၀ ဆံ့ ခရိုင်ပြည့်သူ့ဆေးရုံသို့ သွားရောက်ကာ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာနုကေသီစံနှင့် ပြည်သူ့ဆေးရုံအတွင်း တာဝန်ထမ်းဆောင်နေကြသော သမားတော်နှင့် ဆရာဝန်များအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသော ပြည်သူများကို အားပေးစကားများ ပြောကြားကာ တာဝန်ရှိသူများက အာဟာရ ဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ပြီး ပြည်သူ့ဆေးရုံအတွင်းလှည့်ပတ်ကြည့်ရှုကာ လိုအပ်သည် များကို တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)