မောက်မယ် အောက်တိုဘာ ၁၂
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့အဝင် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် နေ့စဉ်တာဝန် ထမ်းဆောင်နေသော တာဝန်ကျဝန်ထမ်းများအတွက် တာဝန်ထမ်းဆောင်စဉ် ထိတွေ့မှု အနည်းဆုံး ဖြစ်စေရန် ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် လက်ဆေးစေရန်အတွက် (Automatic Temperature Detector) နှင့် (Automatic Sensor Soap Dispenser) ဖြင့် ခရီးသွားပြည်သူများအား ကိုယ်အပူတိုင်းတာခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က စတင်အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုယ်အပူချိန်တိုင်းတာရန်အတွက် (Automatic Temperature Detector) စက်၏ သတ်မှတ် နေရာတွင် လက်(သို့မဟုတ်) နဖူးပြ၍ တိုင်းတာလိုက်သည်နှင့် စက်မှအလိုအလျောက် အပူချိန် တိုင်းတာသွားမည်ဖြစ်ပြီး တိုင်းတာရရှိသော အပူချိန်အား ဒိုင်ခွက်တွင်တစ်ပါတည်း ဖော်ပြ ပေးသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် အချက်ပေးအသံများ ထွက်ပေါ်လာမည်ဟု သိရသည်။ အပူချိန်တိုင်းတာ ပြီးနောက် လက်ဆေးရန်အတွက် အဆိုပါစက်၏ အောက်တွင် (Automatic Sensor Soap Dispenser) အား ကိုယ်အပူချိန်ထက်များပါက ထားရှိပေးထားရာ ခလုတ်နှိပ်စရာမလိုပဲ လက်ပြလိုက်သည်နှင့် လက်ဆေးရည် ရရှိ၍ အလွယ်တကူလက်ဆေးနိုင်သောကြောင့် အသုံးပြုရာတွင် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့အဝင်/အထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကုန်တင် ယာဉ်များ၊ ယာဉ်ငယ်များဖြင်းသွားလာသော ခရီးသွား ပြည်သူများ၏ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွား ရာဇဝင်များ မှတ်တမ်းကောက်ယူခြင်းနှင့် နှာခေါင်းစည်း Mask များတပ်ဆင်လာခြင်း ရှိ / မရှိ စစ်ဆေးခြင်းများကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ နေ့စဉ်အလှည့်ကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောက်မယ် (ပြန်/ဆက်)