မတ္တရာ အောက်တိုဘာ ၁၂
ကိုဗစ်၁၉ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မန္တလေးတိုင်းဒေသကြီး အတွင်းသို့ ဝင်ရောက် လာသည့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကုန်ကားများ မန္တလေးမြို့မှထွက်ခွာ လာသည့် ကုန်တင်ကားများမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့ရှိ ကိုဗစ် ၁၉ စစ်ဆေးရေးစခန်းတွင် Test Kit ဖြင့် ကိုဗစ်၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ Tesk Kit ဖြင့် ကိုဗစ်၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးရာတွင် မတ္တရာမြို့နယ် ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ တစ်ဦးလျှင်ကျပ်၂၀၀၀၀ ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မန္တလေးတိုင်းဒေသကြီးဘက်သို့ ဝင်ရောက်လာပြီး မန္တလေးမြို့ တွင်းသို့ ဖြတ်သန်းဝင်ရောက်မည့် ကုန်တင်ယာဉ်များ၊ မန္တလေးမှ ထွက်ခွာလာသည့် ကုန်တင်ယာဉ်များမှ ကျန်းမာရေး စစ်ဆေး ချက်ပါရှိသည့် ယာဉ်များကို ဆက်လက်ထွက်ခွာခွင့်ပြုခဲ့ပြီး စစ်ဆေးချက်မပါ ရှိသည့် ယာဉ်(၆၆)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၂၇)ဦးအား စစ်ဆေးခဲ့ရာ အဖြေအား လုံးမှာ (Negative) ရောဂါပိုး မရှိကြောင်း စစ်ဆေးတွေ့ ရှိခဲ့ကြောင်းသိရသည်။
မတ္တရာမြို့နယ်၌ အဆိုပါ Test Kitဖြင့်စစ်ဆေးခြင်းကို အောက်တိုဘာလ ၇ရက်နေ့မှ ယနေ့အထိ ကုန်တင်ယာဉ်(၄၄၆)စီး၏ ယာဉ်မောင်းနှင့် နောက်လိုက်(၇၃၈)ဦးကို စစ်ဆေး ပေးခဲ့ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)