ကျိုင်းတောင်းမြို့၌ မဲလုံခြုံရေး အထူးရဲသင်တန်းသား(၁၀) ဦး အား COVID-19 RDT စစ်ဆေး

ကျိုင်းတောင်း  အောက်တိုဘာ  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသား(၁၀) ဦး အား ကျိုင်းတောင်းတိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာ ဝင်းထက်မွန်နှင့် လက်ထောက် ကျန်းမာရေးမှူး ဦးသက်မျိုးဦးတို့က ယမန်နေ့ ညနေ ၅ နာရီခန့်က COVID-19 RDT စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အထူးရဲသင်တန်းသား(၁၀) ဦး အား Rapid diagnostic test ဖြင့် COVID-19 ရောဂါပိုးရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ အဆိုပါသင်တန်းသားများတွင် COVID-19 ရောဂါပိုး (Negative) ဖြစ်ကြောင်း ကျိုင်းတောင်းမြို့ တိုက်နယ်ဆေးရုံမှ သိရှိရသည်။

 

ကျိုင်းတောင်း(ပြန်/ဆက်)