ကျောက်မဲမြိုနယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရက်ကွက်/ကျေးရွာ စာရေး ဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်

ကျောက်မဲ အောက်တိုဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုစာရေး ဝန်ထမ်းများအား နိုင်ငံတော်မှ ထောက်ပံ့ချီးမြှင့်ခဲ့သည့်ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများသည်  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏  လုပ်ငန်းများတွင် ရုံးဖွင့်ရက်များအပြင် ရုံးပိတ်ရက်များ၌ပါ လုပ်ငန်းများ ကြိုးစားဆောင်ရွက်ခဲ့မှုများအပေါ် အသိအမှတ်ပြုသောအားဖြင့် နိုင်ငံတော်မှ ငွေများ ထောက်ပံ့ချီးမြှင့်  ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း (မိုင်းငေါ့မြို့၊ မိုင်းလုံမြို့ အပါအဝင်) ရပ်ကွက် ၂၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၀ အုပ်စုရှိပြီး အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စုရှိ စာရေးဝန်ထမ်း ၉၀ ဦးတို့အား နိုင်ငံတော်မှ တစ်ဦးလျှင် ကျပ် ၁ သိန်းနှုန်း ထောက်ပံ့ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)