ညောင်ရွှေ အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ပေါင်းပိုင်းလမ်းဆုံ၌ ဖွင့်လှစ်ထားရှိသော ခရီးသွားပြည်သူများနှင့် ကုန်တင်ယာဉ်မောင်းများ ကျန်းမာရေးစစ်ဆေးရေးဂိတ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကိုဗစ်-၁၉ စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ဦးမောင်မောင်အောင် ဦးဆောင်သော ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက်နှင့် ကိုဗစ်-၁၉ စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီတို့မှ အဖွဲ့ဝင်များသည် ဂိတ်တွင်အသုံးပြုနိုင်ရန်အတွက် PPE ဝတ်စုံ(၇)စုံ၊ မျက်နှာဖုံး Mask (၁)ဖာနှင့် Vitamin-C အားဖြည့်အချိုရည် (၁၄)ကတ်ကိုလာရောက်လှူဒါန်းရာ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းသိရှိရသည်။
စိုင်းအယ်ဘဲ