ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ အခြေပြုပူးပေါင်းစစ်ဆေးရေးဂိတ်၌ အဝေးပြေးကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ နှာခေါင်းတို့ဖတ် ရယူ စစ်ဆေးဆောင်ရွက်

ပြင်ဦးလွင် အောက်တိုဘာ ၁၂


မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် ယနေ့မွန်းလွဲ (၁) နာရီမှ စတင်ပြီး ပြင်ဦးလွင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြင်ဦးလွင်ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသန်းဝင်းဦးဆောင်၍ဒေါက်တာကျော်မိုးထွန်းနှင့်ဝန်ထမ်းများ၊  အမှတ်(၁) တပ်မတော် စစ်ဆေးရုံ ကုတင် (၇၀၀)မှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးသို့အဝင် ရှမ်းပြည်နယ်မှ ထွက်ခွာလာသော (ကျောက်မဲ၊ လားရှိုး၊ မူဆယ်မှမန္တလေးသို့ဝင်မည့်) ကုန်တင်ယာဉ်များကို သတ်မှတ်ထား သည့်မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်၌ရောက်ရှိလာသည့်အ ဝေးပြေးကုန်တင် ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား နှာခေါင်းတို့ဖတ်ယူစစ်ဆေးခြင်းကိုဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ဖြတ်သန်းသွားလာမည့် အဝေးပြေးကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Standard  Q  Covid  19  RDTTest ဖြင့် စုစုပေါင်း(၁၉၁)ဦးတို့ကို နှာခေါင်းတို့ဖတ်ယူစစ်ဆေးပေးခဲ့ပြီး ယနေ့စစ်ဆေးမှုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိ သောကြောင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာယကံရှင် ဓာတ်ပုံပါဝင်သော (၂)ပတ်အတွင်းကျန်းမာရေး အသိအမှတ်ပြု ကတ်များ အသီးသီးပေးအပ်ပြီး နောက်ယာဉ်များအားသတ်မှတ်စည်းကမ်းချက်နှင့် အညီဆက်လက် ထွက်ခွာခွင့်ပြု ခဲ့ကြောင်း RDT Test ဖြင့် နှာခေါင်းတို့ဖတ်ရယူစစ်ဆေးရာ တွင်တစ်နာရီအတွင်း အဖြေထုတ်ပေးနိုင်ပြီး တစ်ဦးလျှင် ကျပ်ငွေ (၂၀၀၀၀) နှစ်သောင်းကျပ်တိတိအား တရားဝင်ကောက်ခံ၍ နိုင်ငံတော်ငွေစာရင်းသို့ ပေးသွင်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။


မြတ်ဆုမွန်