တွံတေးမြို့နယ် ရွှေကသစ်ချောင်း သဘာဝရေပြင်အတွင်း  ငါးမျိုးစိုက်ထည့်

တွံတေး ဇွန် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တွံတေးမြို့နယ် တွံတေးငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ရေရှည်တည်တံ့တိုးတက်စေရေးအတွက် ငါးမျိုးစိုက်ထည့်မည့်စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ရွှေကသစ်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၅၀၀၀၀၀) ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက်၉နာရီမိနစ်၃၀ အချိန်က ရွှေကသစ်ချောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါးသယံဇာတ ထိန်းသိမ်းခြင်း၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရန်၊ သဘာဝရေပြင်တွင် ငါးမျိုးများ ရေရှည်စဥ်ဆက်မပြတ် တည်ရှိစေရန်၊ ငါးထုတ်လုပ်မှု တိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများ၏ ငါးရိက္ခာ ဖူလုံစေရန်တို့အတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ငါးလုပ်ငန်းဦးစီးမှူး ဦးမြင့်ရွှေ၊ တွံတေးခရိုင်ငါးလုပ်ငန်ဦးစီးမှူး ဦးတင်မောင်ထွဋ်၊ တွံတေးငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိမိခိုင်နှင့်ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများက ငါးမြစ်ချင်း သားပေါက်ကောင်ရေ(၁၅၀၀၀၀)နှင့် ငါးခုံးမကြီး သားပေါက်ကောင်ရေ (၃၅၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ(၅၀၀၀၀၀)ကို ရွှေကသစ်ချောင်း သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်းသိရသည်။

တွံတေးသား (ပြန်/ ဆက်)