ကျောက်တော် ဇွန် ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ လှူဒါန်းသော အလှူငွေများအား ကျောက်တော်မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများအား လှူဒါန်းခြင်းနှင့် မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကိုယနေ့ နံနက်ပိုင်းက မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌက သစ်တောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘန (မဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ကျောက်တော်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ဘုန်းတော်ကြီးကျောင်းများအား မြို့နယ်သံဃနာယကဆရာတော်ကြီးများ၏ စီမံခန့်ခွဲမှုဖြင့် ပျက်စီးမှု အနည်းအများပေါ်မူတည်၍ ပြုပြင်နိုင်ရန် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၊ ကျောက်တော်မြို့နယ် တာဝန်ခံဗိုလ်မှူးချုပ် အောင်သူဦးက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှလှူဒါန်းသော အလှူငွေကျပ်သိန်း (၁၀၀) အား မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များထံ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့မှ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများအား ဆန် (၁၁) အိတ်၊ ဆီ (၁၁) ပုံး၊ မာမီးခေါက်ဆွဲ (၁၀) ဖာ၊ ယိုးဒယားဂွမ်းစောင် (၅၅) ထည်၊ မုန့်တီခြောက် (၅၀) ထုပ်တို့ကို ထောက်ပံ့လှူဒါန်းသည်။ ယင်းနောက် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၊ ကျောက်တော်မြို့နယ် တာဝန်ခံဗိုလ်မှူးချုပ် အောင်သူဦးက အလှူငွေ များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းအပေါ် ဆရာတော်အရှင်သူမြတ်များထံ လျှောက်ထားတင်ပြခဲ့ပြီး ကသစ်တောကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘန (မဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများထံ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ဗုဒ္ဓသာသနံစိရံတိဌာတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဖြူဖြူဝင်း