မြေပုံ ဇွန် ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက နေပြည်တော် ပြည်သူ့ဆေးရုံ (ကုတင်-၁၀၀၀)မှ ဒေါက်တာ သက်ကိုကိုအောင် ဦးဆောင်သော အထူကုဆရာဝန်များ (နယ်လှည့်ဆေးကုသရေးအဖွဲ့)က ဒေသခံ ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆေးကုသပေးနေမှုသို့ ယနေ့နံနက် (၁၀)နာရီခွဲ အချိန်က သွားရောက်ကြည့်ရှုပြီး ဆရာဝန်ကြီးများအား နှုတ်ဆက်စကား ပြောကြားသည်။
“မိုခါ”မုန်တိုင်းအလွန် သဘာဝဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲကျော်အောင်၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းတို့က မြေပုံမြို့နယ် ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ နေပြည်တော် ပြည်သူ့ဆေးရုံ (ကုတင်-၁၀၀၀)မှ ဒေါက်တာ သက်ကိုကိုအောင်(သမားတော်)၊ ဒေါက်တာ အောင်စိုးပိုင် (ခွဲစိတ်အထူးကု)၊ ဒေါက်တာ အောင်ကျော်ထက်(အရိုးအထူးကု)၊ ဒေါက်တာ အောင်ကိုကိုမျိုး (ကလေးအထူးကု)နှင့် ဒေါက်တာ ဘိုကိုကိုတို့ အဖွဲ့သည် (၂၁-၆-၂၀၂၃) ရက်နေ့မှ (၂၇-၆-၂၀၂၃)ရက်နေ့ထိ ဒေသခံပြည်သူ (၁၆၅၀)ဦးတို့အား (အခမဲ့) ဆေးကုသပေးခဲ့ပြီး ယနေ့၌ ဆက်လက်ဆေးကုသနေမှုကို သွားရောက်ကြည့်ရှုကာ ဆရာဝန်ကြီးများအား နှုတ်ဆက်စကားများ ပြောကြားကြောင်း သိရသည်။
တင်ဝင်း