တန့်ယန်း ဇွန် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် လုံပုန်းကျေးရွာအုပ်စု “လွယ်လွမ့်” ပရဟိတကျောင်း အလှူတော်ငွေများ ပေးအပ်လှူဒါန်းပွဲနှင့် ဓမ္မာရုံ၊ ထမင်းစားဆောင် အုဋ်မြစ်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ အလှူတော်ငွေများပေးအပ်လှူဒါန်းပွဲနှင့် ရွှေ၊ ငွေ၊ ပတ္တမြား အုဋ်မြစ်ချမင်္ဂလာ အခမ်းအနားသို့ ဆရာတော်ကြီးများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာရှင် အလှူရှင်များ တက်ရောက် ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ ဓမ္မာရုံနှင့် ထမင်းစား ဆောင်အတွက် စေတနာရှင် အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းခဲ့ ကြပြီး ဆရာတော်ကြီးများ ဦးဆောင်၍ တာဝန်ရှိသူအသီးသီးတို့က ရွှေအုဋ်၊ ငွေအုဋ် များကို သတ်မှတ် နေရာတို့တွင် အုဋ်မြစ်ချပေးကြကာ စုပေါင်းမှတ်တမ်းပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)