နွားထိုကြီး ဇွန် ၂၈
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ မြေခြားကျေးရွာ တောင်သူဦးစန်းလွင်၏ မြေပေါ်တွင် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက်ကို ယမန်နေ့ နံနက်က စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြေခြားကျေးရွာရှိ တောင်သူ ဦးစန်းလွင်၏ လယ်မြေ (၁) ဧက ပေါ်တွင် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်း ရက်သတ္တပတ် လုပ်ငန်း ဆောင်ရွက်ခဲ့သည်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ သဇင်ခိုင်ဝင်းနှင့် ဝန်ထမ်းများက တောင်သူ ဦးစန်းလွင်၏ မြေတွင် စုပေါင်းစိုက်ပျိုးပြီး အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။
သန်းအောင်ဇော်