မိုင်းရှူး ဇွန် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့်ဝန်ထမ်းများက Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက် ကောက်ယူခြင်း လုပ်ငန်းကို ယနေ့နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် ဆရာ၊ ဆရာမများနှင့်မိသားစုဝင်များ၊ နိုင်ငံသားစိစစ်ရေးကတ်ကိုင် ဆောင်ထားသော အသက် (၁၀) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက် ကောက်ယူခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်ပေးပြီး အဆိုပါ ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်ထိုက်က အနီးကပ်လိုက်လံကြည့်ရှု အားပေးခဲ့ သည်။
မိုင်းရှူးမြို့နယ်တွင် (Biometric) အချက်အလက် စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ(၁၉) ရက်နေ့မှ(၂၇)ရက်နေ့ထိ စာရင်းကောက်ယူမှုဦးရေ(၅၇၇)ဦး ရှိပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
သန်းလူ(ပြန်/ဆက်)