ချမ်းမြသာစည်မြို့နယ်၊ သူနာပြုသင်တန်းကျောင်း၌ သူနာပြုသားဖွား ဒီပလိုမာ သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား ကျင်းပ

ချမ်းမြသာစည် ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊သူနာပြုသင်တန်းကျောင်း၌ သူနာပြုသားဖွား ဒီပလိုမာသင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲနှင့်မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်က သြဝါဒအဖွင့် မိန့်ခွန်းမြွက်ကြားခဲ့ပြီးသူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းဦးက ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့သည်။ ဆက်လက်ပြီး တာ၀န်ရှိသူများက သူနာပြု သင်တန်းသူ/သားများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း၊ ဆုရကျောင်းသား/သူ များအား ဆုများချီးမြှင့်ခြင်းနှင့်(၁/၂၀၂၃) သူနာပြုသင်တန်းသား/သူများက သူနာပြုသစ္စာအဓိဌာန်ကို ရွတ်ဆိုခဲ့ကြသည်ဆက်လက်ပြီး (၁/၂၀၂၃) သူနာပြုသင်တန်းမှ ကျောင်းသား မောင်သူရိန်စိုးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သင်တန်းသား၊သင်တန်းသူ များက ကရုဏာအလင်းသီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ မှတ်တမ်းရိုက်ကူးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီးဦးအောင်မင်း၊ သယံဇာတရေးရာဝန်ကြီးဦးရွှေဇင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းနွမ်၊ ဥပဒေချုပ် ဦးမြင့်အောင်၊ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (ချမ်း/စည်)