မြောက်ဦး ဇွန် ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနCommunity Centre ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကိုယနေ့ နေ့လယ် (၂) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဖြိုးမောင်မောင်က စစ်တုရင်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ပြိုင်ပွဲ ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
စစ်တုရင်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား (၂၀) ဦးမှ ဝင်ရောက်ယှဉ်ပြိုင်သွားပြီး စစ်တုရင်ကစားနည်းသည် လူငယ်များ၏ စဉ်းစားတွေးခေါ် နိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကိုတိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်းကို အထောက်အကူ ပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်ပြီး စာကြည့်တိုက်၊ စာအုပ်စာပေများနှင့်လည်း ထိတွေ့ မှုရှိစေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ်၍ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများကို တာဝန်ရှိ သူများက ဆုများ အသီးသီးပေးအပ်ချီး မြှင့်ခဲ့ကြောင်း သိရသည်။
မြင်စိုး