တံတားဦး ဇွန် ၂၈
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည်စုံစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ တောင်ဘီလူ အခြေခံပညာ အထက်တန်းကျောင်း နေမျိုးစည်သူခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်သက်သက်စုက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေပြီး အသိပညာ ဗဟုသုတတိုးပွားစေရန် လူငယ်အချင်းချင်းအသိပညာ အတတ်ပညာဖလှယ်နိုင်စေရန် ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန် ရည်ရွယ်ပြီး လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင် ဦးဆောင်ကာ တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း Grade -12 မှ ကျောင်းသူ မသင်းသင်းအေးက လူငယ်နှင့် ပညာခေတ်မှာ ပညာရှာ ခေါင်းစဉ်ဖြင့်၎င်း ၊ Grade -11 မှ ကျောင်းသား မောင်သိန်းထွန်းဦးက လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့်၎င်း ၊ Grade – 11 မှ ကျောင်းသူ မစန္ဒာထွန်းက လူငယ်နှင့်နည်းပညာ ခေါင်းစဉ်ဖြင့်၎င်း၊ Grade -10 မှ ကျောင်းသား မောင်ဇွဲသူရထွဋ်ခေါင်က လူငယ်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့်၎င်း အသီးသီး ဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဓါတ်ပုံပြပွဲ တို့ကို ဆက်လက်ခင်းကျင်းပသရာ ကျောင်းအုပ် ဆရာမကြီးနှင့်ဆရာ/မများ၊ ကျောင်းသား/သူမျာက စိတ်ဝင်တစား ဖတ်မှတ်ကြည့်ရှုလေ့လာကြကြောင်းသိရသည်။
ရဲတင့်( ပြန်/ဆက်)