မိုင်းနောင်မြို့တွင် ၂၀၂၃ ခုနှစ် (မိုးရာသီ)လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားပြုလုပ်

မိုင်းနောင် ဇွန် ၂၈

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းနောင်မြို့တွင် ၂၀၂၃ ခုနှစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို နားကန်းကျေးရွာအုပ်စု အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့ နံနက် (၉)နာရီ အချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှစစ်ဦးစီး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ဇော်ညိုမင်းနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းတို့သည် ရှမ်းစာပေယဥ်ကျေးမှုအသင်းမှ ဦးမြင့်လွင်၊ ပညာရေးဌာန မှဆရာမ ဒေါ်အေးမွန်မွန်ဇင်၊ နမ့်ခုံးရှမ်းများ ပရဟိတ အသင်းမှဦး​ ဇော်မင်းတို့အား ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနားနက်ရောက်လာကြသော အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဦးစီး(ပထမတန်း)ဒုတိယ ဗိုလ်မှူးကြီး ဇော်ညိုမင်းနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ အင်အား(၁၂၀)ဦးက ၂၀၂၃ ခုနှစ်(မိုးရာသီ)လူထု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)