ညောင်ဦး ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အခြေခံပညာကျောင်းများတွင် အသက် (၁၂)နှစ်မှ အသက်(၁၈)နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူကလေးငယ်များအား ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာ ရွှေစင်ထိုက် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ကာကွယ်ဆေး များထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ညောင်ဦးမြို့နယ် အခြေခံပညာကျောင်းများတွင် အသက် (၁၂)နှစ်မှအသက် (၁၈)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိရာ ဇွန် ၂၈ ရက်နေ့ထိ ၁၀၅၀ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊ အခြေခံပညာအထက်တန်းကျောင်း (ပုဂံ)၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၊ ဖွားစောကျေးရွာ အခြေခံပညာအလယ် တန်းကျောင်း၊ ဝက်ကြီးအင်း အခြေခံပညာမူလတန်းလွန်းကျောင်း၊တောင်ဘီ အခြေခံပညာ အလယ်တန်းကျောင်း၊အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၀၅၀)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
ဒီပါလင်း