တံတားဦးမြို့ တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်းတွင် ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးပြီး ကျောင်းသား/သူများအား ကျန်းမာရေးဆိုင်ရာဟောပြော

တံတားဦး  ဇွန် ၂၈

တံတားဦးခရိုင် တံတားဦးမြို့နယ် တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်းတွင် ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဆိုင်များတွင် ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံပြည်သူများဝမ်းပျက် ဝမ်းလျောရောဂါကာကွယ်ရေးနှင့် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချခြင်းမရှိစေရေးနှင့် ကျောင်းသား/သူများအား အိသပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက  ဆောင်ရွက်ကြကြောင်းသိရသည်။

ထိုသို့စစ်ဆေးရေးရာတွင် မြို့နယ်ကျန်းမာရေးဝန်များက ကျောင်းမုန့်ဆိုင်များကို လဉ့်လည်စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးဆိုင်များတွင် ရက်လွန်မုန့်များ ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ကုန် အညွှန်းအမှတ် အသားပါသည့် မုန့်များကိုသာ ရောင်းချရန် အခြားအစားအသောက်များ၊ ယင်နားစာများမဖြစ်အောင် လုံခြုံစွာ ဖုံးအုပ်ထားရန်  ဒါ့အပြင် ဝမ်မးပျက်ဝမ်းလျှောရောဂါ ဖြစ်စေည့် အစားအစာများကို ရှောင်ရှား နိုင်ရေး ဈေးရောင်းချသူများက နှာခေါင်းစည်းများ၊ လက်အိတ်များဖြင့် သန့်ရှင်းသပ်ရပ်စွာရောင်းချရန် တို့ကို  ဈေးရောင်းချသူများအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်သက်စုက အမှာစကားပြောကြားပြီး တံတားဦးမြို့နယ် ရေကမိုး ကျန်းမာရေးဌာနအမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန္တစိုးက မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရန် နညး်လမ်းများဖြစ်သော ဖုံး ၊ သွန် ၊ လဲ ၊ စစ် ပြုလုပ်ပေးခြင်း၊ မလှဲမသွန်နိုင်သောနေရာများကို အဘိတ်ဆေးများခတ်ခြင်း၊ ခြင်ခိုအောင်းပေါက်ပွား နိုင်သော ရေလှောင်ကန်ကန်များ၊ ရေစည်များ၊ ရေတွင်းကန်များထဲသို့ ပိုးလောက်လန်သေ အဘိတ်ဆေးများခပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားကြောင်း သိရသည်။

ရဲတင့်( ပြန်/ဆက်)